ဗုဒ္ဓဘာသာပျောက်ကွယ်ရခြင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများ
=========================================================
ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏ သာသနာပြုမင်းတစ်ပါးအဖြစ်
ထင်ရှားခဲ့သည့် သီရိဓမ္မာသောကမင်းကြီးသည် ၉တိုင်း၊ ၉ဌာနသို့
သာသနာပြုရန်စေလွှတ်ခဲ့ရာ “သုဝဏ္ဏဘူမိ” ဆိုသည့် ဌာနတစ်ခု
အပါအ၀င်ဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ နာလန္ဒာတက္ကသိုလ်ပျက်ကြီးကို ၂၀-ရာစုခန့်က
တူးဖော်ရာမှ တွေ့ရှိခဲ့သော ကြေးပုရပိုဒ်များအရ “သုဝဏ္ဏဘူမိ”
ဆိုသည်မှာ “အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကပူ” စသည့် (၃)နိုင်ငံ
ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရှိ သထုံပြည်ကို “သုဝဏ္ဏဘူမိ”
ဟုခေါ်ဝေါ်ခြင်းသည် ရာစုနှစ်ပေါင်းအတန်ကြာမှ ၎င်း(၃)နိုင်ငံကို
နမူနာယူ၍ မှည့်ခေါ်ခဲ့ဟန်ရှိကြောင်း သမိုင်းသုတေသီတို့က
ဆိုခဲ့သည်။ ၎င်း(၃)နိုင်ငံရှိ ဘုရင်နှင့်တကွ ပြည်သူပြည်သားများပါ
ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြသည်။
ထို့ပြင် ထိုဒေသအတွင်းရှိ ဗုဒ္ဓဘာသာဘုရင်များတွင် ၇-ရာစုခန့်က
စုမတြားကျွန်းတောင်ပိုင်း လင်းတန်းမြို့၌ ထီးနန်းစိုက်ခဲ့သည့်
“သီရိဝိဇယမင်း” လက်ထက်တွင် ဗုဒ္ဓဘာသာအလွန်ပင် ထွန်းကား
ခဲ့သည်။ ထိုမင်း၏ “သိရီဝိဇယ ယူနိဘာဝီတီ” တက္ကသိုလ်ကြီးသည်
ဂုဏ်သတင်းမွှေးပျံ့၍ တစ်ခြားနိုင်ငံများမှ စာသင်သားရဟန်းတော်
များ သိန်းနှင့်ချီ၍ လာရောက်ပညာသင်ကြားခဲ့သည်။ ထိုမင်းကြီး၏
အင်ပါယာနှင့် ဗုဒ္ဓဘာသာသည်လည်း အင်ဒိုနီးရှားကျွန်းစုများ အားလုံး
အပြင် ပတ်ဝန်းကျင်နယ်ပယ်များသို့ပါ ပြန့်နှံ့သွားခဲ့သည်။
ဗုဒ္ဓဘာသာသည် ၎င်းကျွန်းစုများထဲတွင် ၃-ရာစုမှ ၁၄-ရာစုအထိ
နှစ်ပေါင်း ၁၈၀၀ ကျော်ခန့် ထွန်းကားပြန့်ပွားခဲ့ပြီး ကမ္ဘာကျော်
ကမ္ဘာ့အံ့မခန်းဖြစ်ခဲ့သော “ဗောဒေါဗုဒ္ဓေါ” စေတီတော်ကြီးနှင့်
စေတီပုထိုးပေါင်းမြောက်မြားစွာ တည်ထားကိုးကွယ်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်များ ထိုကျွန်းသို့ရောက်ရှိပြီးနောက် ၄-ရာစုခန့်တွင်
ဟိန္ဒူဗုဒ္ဓဘာသာဝင် ပလ္လ၀ါကုန်သည်များ သွားရောက်ကြပြီး နယ်မြေ
သစ်တည်ဆောက်ခဲ့ကြသည်။ ပလ္လ၀ါမင်းတွေဟာ နိုင်ငံငယ်လေးများ
အဖြစ်ရှိနေစဉ် အိန္ဒိယနှင့် ကူးလူးဆက်ဆံကာ ဟိန္ဒူဗြဟ္မဏအယူဝါဒကို
ကိုးကွယ်ခဲ့ကြသည်။
သီရိဓမ္မာသောကမင်းကြီး ထိုကျွန်းစုကို သာသနာပြုပြီးနောက် နှစ်ပေါင်း
(၁၅၀၀)ခန့်အကြာတွင် ထိုကျွန်းစုများသို့ မွတ်ဆလင်အာရပ်ကုန်သည်
များသည်လည်းကောင်း၊ အိန္ဒိယသား မူဆလင်များသည်လည်းကောင်း
စတင်၍ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားရင်း အခြေချနေထိုင်
ခဲ့ကြသည်။
ထို့နောက် အာရပ်မူဆလင်တို့ အခြေချရာမှ ကျွန်းသူတွေနဲ့ရင်းနှီးပြီး
လက်ထပ်ပေါင်းသင်းကာ မျိုးပွားခဲ့ကြသည်။ ထိုကျွန်းစုများတွင်
မူဆလင်ကုန်သည်များမှ အနုနည်းဖြင့် လူဖောက်သာသနာပြုချိန်တွင်
တစ်ဖက်မှ မူဆလင်စစ်တပ်များက ဥရောပသို့ အပြင်းအထန် ချီတက်
တိုက်ခိုက်နေချိန်ဖြစ်သည်။
မျိုးပွားနှုန်းများသဖြင့် မူဆလင်လူဦးရေ အင်အားတောင့်တင်းလာသည့်
အရပ်ဒေသများတွင် ဟိန္ဒူ/ဗုဒ္ဓဘာသာ ဘုရင်များကို ထီးနန်းဖြုတ်ချ၍
စူလ်တန် ဟုခေါ်သည့် မူဆလင်ဘုရင်ငယ်တွေကို တင်မြှောက်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ပြီးနောက် ရဟန်းတော်များကို ခေါင်းဖြတ်သတ်ခြင်း၊ အရှင်
လတ်လတ်မီးရှို့သတ်ခြင်း၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူများကို သတ်ဖြတ်ခြင်း၊
ထောင်ချခြင်း၊ ခြိမ်းခြောက်၍ မူဆလင်ဘာသာထဲသို့ အတင်းဓမ္မသွတ်သွင်းခြင်း
များပြုလုပ်ခဲ့သောကြောင့် အင်ဒိုနီးရှားစသည့်နိုင်ငံများတွင် ဗုဒ္ဓဘာသာတို့
ပျောက်ကွယ်ခဲ့ကြရသည်။
အင်ဒိုနီးရှားကျွန်းစုများ၏ ချောင်ကျသောအရပ်ဒေသများတွင် ဗုဒ္ဓဘာသာ
အဆက်အနွယ်များအဖြစ် စုစုပေါင်း ၂သန်းခန့်ကျန်ရှိပြီး ကိုးကွယ်စရာ
ဘုရားမရှိ ၊ ကျောင်းမရှိနှင့် အမည်ခံ ဗုဒ္ဓဘာသာများကျန်ရှိနေသေးကြောင်းကို
“ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး“ ၏ အင်ဒိုနီးရှားသာသနာပြု
မှတ်တမ်းစာအုပ်တွင် စာမျက်နှာ ၉၃ မှ ၉၆ အတွင်း ဖတ်ရှု့လေ့လာနိုင်သည်။
အင်ဒိုနီးရှားလူမျိုးတို့သည် မူဆလင်တို့၏ ၀ါးမျိုမှုကို ခံရသော်လည်း ယနေ့တိုင်
ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဘာသာစကားသုံးစွဲမှု အတော်များများကို မစွန့်လွှတ်
ကြပေ။ နိုင်ငံပိုင် အင်ဒိုနီးရှားလေကြောင်းလိုင်းအား “ဂဠုံ” ဟူ၍လည်းကောင်း၊
ကမ္ဘာကျော် အင်ဒိုနီးရှားသမ္မတကြီး ဆူဟာနို၏ အမည်မှာ ပါဠိအသံဖြင့်
“သုကဏ္ဏ” ဖြစ်ပြီး ( သု = လှပသော ၊ ကဏ္ဏံ - နား) လှပသောနားပိုင်ရှင်ဟု
အဓိပ္ပါယ် ရပါသည်။
ထို့နည်းတူစွာပင် အာဖဂန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ရှေးက ဗုဒ္ဓဘာသာ
ထွန်းကားခဲ့သောတိုင်းပြည်များဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ပေ ၃၀၀ခန့်မြင့်သည့် ကျောက်ဆောင်ကြီးများပေါ်တွင်
ထွင်းထုပူဇော်ထားသည့် ပေ ၃၀၀ ခန့်မြင့်သည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးများ
ကို မူဆလင်စစ်တပ်များက နောင်တွင်ဖျက်စီး၍ ဒူးဆစ်လောက်သာတည်ရှိတော့သည်။
ဗုဒ္ဓဘာသာဝင်များအားသတ်ဖြတ်ခြင်း၊ ဘာသာထဲသို့ အတင်းဓမ္မသွတ်သွင်းခြင်းတို့ကြောင့်
ဗုဒ္ဓဘာသာတို့ ပျက်သုန်းခဲ့ရသည်။
ယနေ့ ပါကစ္စတန်နိုင်ငံသည် ရှေးအခါက ဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့သည့် နိုင်ငံတစ်ခု
ဖြစ်သည်။ ထိုနိုင်ငံအတွင်းတွင်ရှိသည့် “တက္ကဆီလာ” ဟုခေါ်သောအရပ်ဒေသသည်
ဗုဒ္ဓ၀င်ကျမ်းဂန်များထဲ၌ များစွာပါဝင်ခဲ့သည့် အဌါရသ (၁၈)ရပ် ပညာဆည်းပူးရာ
“တက္ကသိုလ်ကျောင်ေးတ်ာကြီး” တည်ရှိခဲ့ရာ အရပ်ဒေသဖြစ်သည်။ နောင်တွင် မူဆလင်
လူမျိုးတို့၏ ၀ါးမျိုခြင်းခံရကာ ဗုဒ္ဓဘာသာဝင်တို့ လုံးဝချုပ်ငြိမ်းခဲ့ရသည်။
ထိုသို့သော ဥပမာများကို နမူနာယူ၍ သာသနာတော်ကြီးကို ကာကွယ်ရန် “ရွှေမြန်မာ”
တို့အား အသိပေးနှိုးဆော်အပ်ပါသည်။
(အဖြူရောင်သူငယ်ချင်း)